မိတ်ဆက်

A K M  Webdesigner ဟာ 



ယနေ့ နိုင်ငံတကာ အဆင့်မှီ စီးပွားရေးလုပ်ငန်းသုံး Official Website တွေကို သင့်မြတ်သော ဈေးနှုန်းဖြင့် လုံခြုံစိတ်ချရသော ဝဘ်ဆိုက်ကောင်းတခုအဖြစ် အင်တာနက်ပေါ်သို့ လွှင့်တင် ဝန်ဆောင်မှုစတင်ပြုလုပ်သည် အထိ အဘက်ဘက်က တာဝန်ယူ ဆောင်ရွက်ပေးနေပါသည်။



ယနေ့ စားတော်ဆက်ကြီးတွေ ၊ ဟိုတယ်ကြီးတွေ၊ အခြေခံပညာအဆင့် ပုဂ္ဂလိက အထက်တန်းကျောင်းများ၊ အတတ်ပညာ အသိပညာ သင်တန်းကျောင်းများ၊ စီးပွားရေးလုပ်ငန်းကြီးများ၊ သယ်ယူပို့ဆောင်ရေးကားဂိတ်ကြီးများကို အောင်မြင်စွာလည်ပတ်လုပ်ဆောင်နေကြတဲ့အထဲမှာ Official Website တခုကို မလုပ်ထားတဲ့၊ မလုပ်ရသေးတဲ့ လုပ်ငန်းကြီးတွေကို တွေ့ရသလို မိမိရဲ့ လုပ်ငန်းတွေအတွက် လက်ရှိအချိန်ကာလမှာ ကိုယ်ပိုင်ဝဘ်ဆိုက်တခု မရှိမဖြစ် အရေးကြီးလိုအပ်နေပြီး အမြန်ဆုံးလုပ်ထားသင့်ပြီဆိုတာကို နားလည်သဘောပေါက်ထားပြီး လုပ်ငန်းရှင် လူနည်းစုသာရှိနေသေးကြောင်း သုံးသပ်ဆိုလိုချင်ပါသည်။



ကမ္ဘာပေါ်မှာ ကိုယ်ပိုင်ဝဘ်ဆိုက်ပေါင်း သန်း ၁၈၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရှိထားရပြီး အချိန် ၁ နမိနစ်အတွင်း ဝဘ်ဆိုက်အသစ် ၁၃၀၀ ကျော် ထွက်ပေါ်နေသည်ဟု သိရှိရပါသည်။



အဲ့ဒီတော့ လုပ်ငန်းရှင် လူကြီးမင်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ကိုယ်ပိုင်ဝဘ်ဆိုက်တခုကို အလျှင်အမြန် ပြုလုပ်ထားရှိဖို့ လိုအပ်နေပါပြီ။



ပိုဆိုးတာတခုက မိမိနဲ့ လုပ်ငန်းတူ၊ လုပ်ငန်းပြိုင်ဘက်က ဝဘ်ဆိုက်ရှိပြီးအခြေအနေဖြစ်နေပြီး မိမိလုပ်ငန်းတွေရဲ့ ဝဘ်ဆိုက်က မလုပ်ရသေးဘူးဆိုရင်တော့ အချိန်တိုင်းမှာကို မိမိပြိုင်ဘက်က လေ့လာသူသစ်တွေများစွာ၊ စားသုံးသူဖောက်သည်သစ်တွေများစွာကို ရရှိသွားပါပြီ။



ယခုခေတ် ဆက်သွယ်ရေးနည်းပညာ အဆမတန်အားကောင်းအောင်မြင်နေသော ကာလကြီးရောက်နေပြီဖြစ်လို့ Globalization ခေတ်လို့ ပြောဆိုသပ်မှတ်နေကြပြီဖြစ်သလို အီလက်ထရောနစ် မားကက်တင်း ၊ အွန်လိုင်း မားကက်တင်းများဖြင့် အောင်မြင်နေကြပြီဖြစ်သော ကာလကြီးထဲသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် မိမိလုပ်ငန်းရဲ့ Official Website တခုပြုလုပ်ထားပြီးပြီဆိုရင် ဝဘ်ဆိုက်ဟာ နေ့ရောညပါ အချိန်ပြည့် ပိတ်ရက်မရှိ ဝန်ထမ်းမပါဘဲ ကမ္ဘာ နိုင်ငံတကာကို ဈေးကွက်မျက်နှာဆာ ဖွင့်ပေးပြီး ဝန်ဆောင်မှုတွေကို ကြီးမာကျယ်ပြန့်စွာ ဝန်ဆောင်မှုတွေပြုလုပ်ဖန်တီးပေးသွားမှာမို့ Visiter အသစ်တွေများစွာ တိုးပွားရရှိလာမှာဖြစ်သလို Customer အသစ်တွေကို အဖြစ်ကိုလည်း ဝဘ်ဆိုက်ဝန်ဆောင်မှုတွေက အချိန် ၁ နာရီတိုင်း၊ ၁ နာရီတိုင်း မှာကို များစွာသော တိုးပွားအောင်မြင်မှုတွေရရှိစေမှာဖြစ်ပါသည်။